Pages

Thursday, May 5, 2011

First Pali Training Class in Singapore


လေးစားရပါသော ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ရှင်

အဘိဓမ္မာအသင်းကြီး၏ ပထမဆုံး သော သမိုင်းမှတ်တိုင်အနေနှင့် ဒလိုင်းလားမား (မဟာယန ဗုဒ္ဓဘာသာ) သို့ ဓမ္မဂင်္ဂါ ဆရာတော်၏ ချီးမြှောက်မှုဖြင့် ပိဋကတ်သုံးပုံ
လှူဒါန်းခဲ့ ပါသည်။
အဘိဓမ္မာအသင်းကြီး၏ သမိုင်းမှတ်တိုင်ဖြစ်လာစေရန်ချီးမြင့်ပေးသော ဆရာတော် အရှင်ဝိစိတ္တသာရ(ဓမ္မဂင်္ဂါ) သည် ဗာရာဏသီမြို့ ၊ ဗဟိုတိဘက်လေ့လာရေးတက္ကသိုလ်တွင် ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်လျက်နိုင်ငံတကာ ပါဠိဘာသာစကား၊ ထေရဝါဒဗုဒ္ဓအဘိဓမ္မာများကို ပ...ို့ချလျက် သာသနာ့အကျိုး စွမ်းစွမ်းတမံ ဆောင်ရွက်နေသော သာသနာ့အာဇာနည်တစ်ပါးပင်ဖြစ်ပါသည်။
ဝမ်းသာစရာ သတင်းတစ်ခုမှာ ထို သာသနာ့အာဇာနည် ဓမ္မဂင်္ဂါဆရာတော်သည် ၆လပိုင်း လလယ်တွင် စကာင်္ပူသို့ကြွလာမည်ဖြစ်ပြီး တရားချစ်ခင်သူတော်စင်တို့အား နိုင်ငံတကာသုံး ပါဠိဘာသာစကား ကို တစ်လတိုင်တိုင် သင်ကြားပေးမည်ဖြစ်ပါသည်။
ပါဠိသင်ရခြင်းအကျိုးကား........သံသရာကျင်လည်ရသည်ရှိသော် သမ္မာသမ္ဗုဒ္ဓ မြတ်စွာဘုရားရှင်တစ်ဆူဆူနှင့် တွေ့လျင် " ဧဟိဘိက္ခု " ရဟန်းဘဝရဖို့ မျိုးစေ့ကောင်းပင်ဖြစ်ပါသည်
ယ္ခုဘဝတွင်ပင် မဂ်ပေါက်ဖိုလ်ဝင်ကြိုးစားမည့်သူများအတွက်လည်း ဝိပဿနာဉာဏ်စဉ်တို့၏ ပရိယတ်ကို လေ့လာနိုင်ပါရန် ဥပနိဿယ အထောက်အပံ့ကောင်းပင်ဖြစ်ပါသည်။
လူ့ဘဝကိုရခိုက်၊ သာသနာနှင့်လည်းကြုံခိုက်၊ နတ်ဗြဟ္မာများနားလည်ကြသော၊ International Language ထက်သာလွန်သော၊ Universal Language = ပါဠိ ကိုသင်ကြားခွင့်ရသော ဗုဒ္ဓဘာသာဝင်များအဖို့ အခွင့်အခါထူးပင်ဖြစ်ပါတော့သည်။

ဆရာတော်၏ ထေရုပ္ပတ္တိကို ကြည်ညိုနိုင်ရန်း http://www.dhammaganga.com/index.php?option=com_content&view=article&id=92&Itemid=74

ဆက်သွယ်ရန်
ဆရာကျော်ဝဏ္ဏ 8236 9159
ဦးမြင့်သိန်း 8159 3989
ဦးဇော်မျိုးမင်း 8261 9581
ဒေါ်ခင်စန်းယု 82986297
ဒေါ်မူယာနွယ် 8134 3317
ဒေါ်ဆုရည်မွန် 8314 5675
ဒေါ်ဆုရည်ဖြိုး 9423 4919

No comments:

Post a Comment