Pages

Thursday, May 5, 2011

စင်္ကပူနိုင်ငံ ရှိ အဘိဓမ္မာအသင်းကြီး၏ ပထမဆုံး သော သမိုင်းမှတ်တိုင်

*စင်္ကပူနိုင်ငံ ရှိ အဘိဓမ္မာအသင်းကြီး၏ ပထမဆုံး သော သမိုင်းမှတ်တိုင်* အနေနှင့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား (မဟာယန ဗုဒ္ဓဘာသာ) ၏ ဗဟိုတိဘက်လေ့လာရေးတက္ကသိုလ် သို့ ဓမ္မဂင်္ဂါ ဆရာတော်၏ ချီးမြှောက်မှုဖြင့် ပိဋကတ်သုံးပုံ စာအုပ်များကိုလှူဒါန်းခဲ့ ပါသည်။
တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား သည် ထို ပိဋကတ်သုံးပုံစာအုပ်များကို ဇန္နဝါရီလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ထိ ကျင်းပပြုလုပ်သော အပြည်ပြည် ဆိုင်ရာဝိနယ ညီလာခံအခမ်း အနား(International Conference on Vinaya ) တွင် ကျေးဇူးအထူးတင် လှစွာလက်ခံရယူ ခဲ့ပါသည်။ 
ဓမ္မဂင်္ဂါ -အရှင်ဝိစိတ္တသာရ ဆရာတော် သည် ညီလာခံကျင်းပသော ဗဟိုတိဘက်လေ့လာရေးတက္ကသိုလ်-ပါဠိဋ္ဌာန တွင် ဧည့်ပါမောက္ခ အဖြစ်တာဝန်ထမ်းဆောင် ရင်း မြန်မာ စေတနာရှင် တို့ ၏ သဒ္ဓါတရား ကို မဟာယနဗုဒ္ဓ ဘာသာဝင် တို့ ၏ တက္ကသိုလ်သို့ မေတ္တာပေါင်းကူးပေးခဲ့ပါသည်။
ဓမ္မဂင်္ဂါ ဆရာတော်၏ ဆရာတစ်ဆူဖြစ်သူ ကျိုက္ကလော့ဆရာတော် ဒေါက်တာ စန္ဒဝရာဘိဝံသ (ပါမောက္ခ-အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ) မှ လှူဒါန်း ပေးအပ်သည့်မိန်ခွန်းချီးမြှင့်နေသည့် ပုံဖြစ်ပါသည်။(ဓာတ်ပုံ)
သဗ္ဗဒါနံ၊ဓမ္မဒါနံ ဇိနာတိ ဆိုသောစကားအရ...ဓမ္မဒါနသည် အမွန်မြတ်ဆုံးပင်မဟုတ်ပါလော..။
ထေရဝါဒဗုဒ္ဓ ဘာသာဝင် တို့ ၏ ဘာသာအယူမခွဲလှူသော အမွန်မြတ်ဆုံး စိတ်ဓာတ်နှင့် မြင့်မြတ်သော လုပ်ရပ်သည် .......
*ဗဟို တိဘက်လေ့လာရေးတက္ကသိုလ် မှ မဟာယနဗုဒ္ဓဘာသာဝင်များ* ၏ နှလုံးသားဆီသို့ မြတ်ဗုဒ္ဓ အမွေ တရားရေစင်များ စီးဆင်း နေမည် မှာ ကမ္ဘာတည်သရွေ့ ပင်ဖြစ်ပါသည်။
(သာဓု-သာဓု-သာဓု)

No comments:

Post a Comment